ဆွမ်းတော်ကြီးတင်ပွဲ အမှတ်တရ

စာသင်သားတုန်းက ကဗျာ

   နံနက်ခင်း ပျင်းတယ်လို့ စာမအံ
နေသော်ဗိုက်တော်ခင်း စင်းလို့အိပ်ပြန်
စားချိန်တန် ဆွမ်းခံသွားတယ်
မင်းတော်ရော့လား  ။   ။
            ဒီကဗျာကိုတော့ ရန်ကုန်မှာနေတုန်းက ရထားတာ ။ ဆရာဘုန်းကြီးဆီမှာ ပါဠိစာသင်းတဲ့ စာအုပ်မှာပါတာ ။ မြောင်းမြဆရာတော်ထုတ်တဲ့ ပါဠိသိက်ခါ ထင်တယ် ။ ပါဠိလိုတော့ မမှတ်တော့ဘူး ။ အရမ်းရွှတ်လို့ကောင်းတယ် ။ စာသင်သားအလွမ်းပြေပေါ့ ။

စာသင်နေသူများကို မနှိမ်သင့်ပါ

သာသနာတော်၌ ကိစ္စအားလုံးပြီးပြည့်စုံနေသော ရဟန္တာပုဂ္ဂိုလ်သည် သူတော်ကောင်း တရားကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သင်ယူ၏။ မိမိအတွက် ရည်ရွယ်ချက်မရှိ၊ ထိုသင်ယူခြင်းမျိုးကို ဘဏ္ဍာဂါရိကပရိယတ္တိဟု ခေါ်သည် ဆိုခဲ့ပြီးသော ပရိယတ္တိ (၃) မျိုးတို့တွင် နိဿရဏတ္ထပရိယတ္တိမျိုးဖြင့် သင်ယူမှသာလျှင် ရှင်ရဟန်းပြုရကျိုးနပ်နိုင်ပါသည်။ အချို့လည်း …..
ငယ်ရွယ်စဉ် အလဂဒ္ဒူပမာ (စာတတ်လာလျှင် သူတစ်ပါးကို နှိမ်ရန်၊ ဝင့်ကြွားရန်၊ ဘုန်းကြီးရန် စသော လောဘ၊ ဒေါသအကုသိုလ် မူလအရင်းခံသဖြင့် သင်ယူကြသော နည်းမျိုးကို မြွေဖမ်းသောအတတ်) ပရိယတ္တိနည်းမျိုးဖြင့် သင်ယူရင်းပင် ပိဋကတ်တော်၏ အနှစ်သာရများကို သိရသဖြင့် နိဿရဏတ္ထ ပရိယတ္တိသို့ ပြောင်းလဲသွားသည်ကို အများအပြားတွေ့ရပါသည်။

တောင်းပန်စာ

 ဘုရားတပည့်တော် စိတ်မကောင်းလွန်လို့ ဒီစာကို ရေးဖြစ်တာပါ ။ တကယ်လည်း စိတ်ကိုတော်တော် ထိခိုက်မိပါတယ်ကိုယ့်ကိုယ်ကိုပေါ့ ။ ဘာဖြစ်လို့ဆိုတော့  ဒီကနေ့ ရဟန်းခံရှိတော့ မနေ့ကတည်းက ကြိုပြင်ထားတယ်လေ ။ကြမ်းတိုက်တံမြက်စည်းလှည်း ဘုရားစင်တွေပြင်တာတွေပေါ့ ။ အဲဒါ ဘုန်းကြီးက ခေါ်တော့ သွားပြီးတော့ တံခါးတွေဖွင့်ပြီးတော့ တံမြက်စည်းလည်းတုန်း ဖြစ်တဲ့အဖြစ်အပျက်ပါ ။
ဦဇင်းကြီးတစ်ပါးက တံမြက်စည်းလှည်းတာ အစနေ သေချာမလှည်းဘဲနဲ့ ဟိုတစ်ကွက်ဒီတစ်ကွက်လိုက်လှည်းတော့ ကိုရင်က ပြောမိလိုက်တာပါ ။တကယ်တော့ ကိုရင်ပြောတာက နှစ်ခါပြန်လှည်းရမှာစိုးလို့ပါ ။ ဒါပေမယ့် သူပြန်ပြောတဲ့ စကားတွေက ကိုရင်မျက်ရည်တစ်ခါတည်း ဝဲသွားတယ် ။ အော် အသက်ကြီးတော့ မေ့နေပြီ လုပ်လည်းမလုပ်တတ်တော့ဘူး အသက်ကြီးရင် ဘာမှသုံးလို့မရတော့ ဘူး အသက်ကြီးတာကို စိတ်ညစ်နေတယ်တဲ့ ။ သူပြောတာတွေ ကိုရင်ကောင်းကောင်း မကြားရဘူး ။ခပ်လှမ်းလှမ်းရှိနေလို့လေ ။ ဒါပေမယ့် သူပြောတာတွေက စိတ်ထဲကိုတော်တော်မကောင်းဖြစ်သွားတယ် ။ ကိုရင် သူကိုပြောတာက ထိခိုက်စေဖို့ မဟုတ်သလို အကောင်းပြောတာပါ ။ဒါပေမယ့် သူအဲဒီလိုတွေးပြီးတော့ အသက်ကြီးလို့ ဘာဖြစ်တယ်ညာဖြစ်တယ် အဲလိုပြောတော့ စိတ်လည်းထိခိုက်တယ် ။ငိုလည်းငိုချင်သွားတယ် ။ ကို၇င်သူများတွေကို အဲလိုမျိုး စိတ်မကောင်းစေတဲ့ စကားမျိုးကို မပြောဖူးပါဘူး ။

ဘဝ နဲ့ လောကဓံ

ရဟန်းတို့ ....
လောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း လောကဓံတရား ရှစ်မျိုးတို့သို့ အစဉ်လိုက်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှုတို့တည်း။

ရဟန်းတို့
ဤလောကဓံ တရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံ တရား ရှစ်မျိုးတို့သို့ အစဉ်လိုက်၏ ဟု (မိန့်တော်မူ၏)။

စာသင်သား အမှတ်တရ

အော်....ဒီချိန်ဆို အစိုးရစာမေးပွဲတောင် ဖြေတော့မယ် ထင်ပါရဲ့...။
သူငယ်ချင်းတစ်ယောက်ရဲ့ အမေးကြောင့် ဟုတ်ပ...စာမေးပွဲတွေ ဖြေနေလောက်ပြီလား မသိ ။ ခါတိုင်းနှစ်ဆို လွန်ခဲ့တဲ့ နှစ်ကလွဲရင်ပေါ့ ။ စာသင်သားဘဝက အမှတ်ရစရာလေးတွေ ပြန်သတိရနေမိတယ်။ ဘယ်တော့မှလည်း မေ့နိုင်မှာ မဟုတ်ပါဘူး ။
အစိုးရစာမေးပွဲ နီးပြီဆိုရင် စာသင်သားကိုရင်ဦးဇင်းတွေ အလုပ်ရှုပ်နေပြီ။ ဟုတ်တယ်လေ မရှုပ်လို့လည်း မရဘူး ။ကိုယ်တစ်နှစ်လုံး ကြိုးစားပမ်းစား ကျက်လာရတာကို ပေါ့ဆလိုက်ရင် သွားပြီနောက်တစ်နှစ် မဟုတ်ပါလား ။ နေ့မအားညမနား ဆိုသလိုပေါ့ ပြန်စရာရှိတာပြန် ကျက်စရာရှိတာကျက်ပေါ့ ။ ကို၇င် ရန်ကုန်ကိုရောက်ခါစ မူလတန်းပဲ ရှိသေးတာကိုး ။ အစိုးရစာမေးပွဲမပါဘူးလေ။အစမ်းဖြေပြီးတာနဲ့အတန်းက တက်ပြီ။
နောက်နှစ်အငယ်တန်းကျတော့ အဲလိုမဟုတ်တော့ဘူး မြို့နယ်စာမေးပွဲလည်းဖြေရတယ် ။မှတ်မှတ်ရရပြောရရင် ရွှေဝါရောင် နှစ်ပေါ့
အစပိုင်းရွာပြန်မယ် လုပ်ပါသေးတယ် ။နောက်မပြန်ဖြစ်ပါဘူး ဒီတိုင်းပဲ ကျောင်းမှာပေါ့။ကျန်တဲ့သူငယ်ချင်းတွေ ပြန်ကြပါတယ်။ အဲဒါနဲ့
ကိုရင်ဦးဇင်းတွေ နည်းနည်းပဲ ကျန်တာပေါ့ ။ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြကုန်ပြီလေ ။ ကိုရင်က တိုင်ရင်းသားတစ်ယောက်လေ ။ စာမေးပွဲကျောင်းတွင်း အစမ်းစာမေးပွဲပေါ့ ။ အဲဒီမှာ ပထမရတာ အဲဒါကို စာချပေးတဲ့ ဘုန်းကြီးက ကိုရင်ကိုပြောပါလေေ၇ာ....။
အနူတောမှာ လူချောတဲ့ ။ နာမလည်ပေါင်။ ကျောင်းခန်းပြန်ရောက်တော့ သူငယ်ချင်းတွေကို မေး...နားမလည် ။ အဲဒါနဲ့ ဆွမ်းခံတော့ ဆွမ်းခံအိမ်က ဒကာမ အဘွားတစ်ယောက်လိုပါပဲ ။တောင်ဥက္ကလာက ပါရမီကားဂိတ်နဲ့ နီးပါတယ်။ သူကရှင်းပြတော့မှပဲ
နားလည်တော့တာ ။ဟီး....။ မြောက်ဥက္ကလာမှာလည်း စာမေးပွဲသွားဖြေရပါသေးတယ် ။မြို့နယ်စာမေးပွဲပေါ့ အဲဒီမှာကိုရင်ပျော်လို့ မဆုံးဘူး ဘာလို့ဆိုတော့ ကို၇င်တို့အတန်းမှာ ကိုရင်တစ်ပါးတည်း အောင်တာလေ.....။အကုန်လုံး လေးပါးအောင်တာ ကိုရင်တို့ကျောင်းက မှတ်မိပါသေးတယ် ဆုမယူခင် မယ်လမု ဘုရားမှာ ဓါတ်ပုံရိုက်ခဲ့တာကို မှတ်မိသေးတယ်။
အစိုးရစာမေးပွဲပြန်တော့လည်း ပျော်စရာကောင်းပါတယ် ကားနဲ့ သွားဖြေ၇တယ် စာသင်ကျောင်းမှာ သွားဖြေတာ ။ တစ်အုပ်ကြီးဆိုတော့ တော်တော်ပျော်ပါတယ် ။ အဲဒီနှစ်အငယ်တန်းအောင်တယ် ။ နောက်တစ်နှစ်တော့ မြို့နယ်စာမေးပွဲက ဝိနယာဓိက တစ်မမျိုးတိုးလာပြန်တယ် ...။ သွားဖြေရတာ ပျော်စရာကောင်းတယ် ။ဆုယူတဲ့နေ့ကျတော့ ဆုတော့မယူဖြစ်လိုက်ဘူး အဖော်သူငယ်ချင်းတစ်ပါးကို အစားယူခိုင်းလိုက်ရတာ။ အဲမှာက ဆုသွားယူတာ မြောက်ဥက္ကလာက ရထားသံလမ်းနောက်ဖက်က အိမ်တွေမှာ သူတို့ကိုယ်တော်တွေကို ပင့်ထားတာလေ...အဲဒီမှာဆွမ်းစားခဲ့ရတယ် ။ နေ့ပိုင်းဆွမ်းစားပြီးတော့ ကျောင်းကိုအပြေးပြန်ခဲ့ရတယ် အစမ်းစာမေးပွဲနဲ့ ဆုယူတဲ့ရက်ကတိုက်နေလို့လေ......။စိန်ပန်းမှာလည်း ပျော်ခဲ့ရပါတယ် အောင်ခဲ့ပါသေးတာကိုးကိုရင်တစ်ပါးတည်းပဲ ထင်ပါတယ်ကိုရင် တို့အတနုးက အလတ်တန်းလေး။။ ဟီး ပြန်တွေးရင် စာသင်ချင်စိတ်တောင် ပေါက်ပေါက်လာတယ်...။အစိုးရလည်း အောင်ပါတယ် အဲဒီနှစ် ။
အော် ဒီချိန်ဆို စာမေးပွဲဖြေတော့မှာပါလား ဆိုတဲ့အသိစိတ်က လူကို သတိရစေတာမို့ စာသင်သား အမှတ်တရလေး ရေဖြစ်လိုက်တာပါ....။ကျောင်းမှာ အတူနေတဲ့ သူငယ်ချင်းတွေက အချို့လူထွက်ပြီး ဟိုရောက်သွား ဒီရောက်သွားကြနဲ့ တစ်ချို့လည်းတက္ကသိုလ်ကို တက်နေကျတာလည်း ရှိပါတယ် ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ချင်တဲ့စိတ်တွေအပြည့် ။ ပြန်တွေ့ဖြစ်ရင်
ဟိုတုန်းက ဖြစ်ရပ်နှောင်းလို့ပြောရင် လွန်မယ်ဆိုရင်တောင် စာသင်သားဘဝက အကြောင်းကို ပြန်ပြောင်းအောက်မေ့နေကြရဲ့လား
ဒီနေရာက သူငယ်ချင်းဟောင်းတွေကို သတိရလျက်ကြောင်း စာရေးချင်ပါတယ်....။ ။
ဝိဇ္ဖောတာရုံစာသင်တိုက်၊ကမ္ဘာအေးမှ သူငယ်ချင်းဟောင်းများအတွက်
ရှင်ပဏ္ဍဝ(မဲဆောက်)

ဆုံးဖြတ်ချက်ဆိုတာ.....

    ကိုရင် စာသင်တိုက်က ထွက်လာတာ ခုဆို လေးနှစ်ကျော်ဆိုတဲ့အချိန်ကာလ တစ်ခုကို ရောက်လာပါပြီ...။ တစ်ခါတစ်လေတော့ ကိုယ့်ဘဝနောက်ကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်ရမှာလား ကံကြမ္မာကိုလား ဆရာသမားကိုလား ပေါ့နော်.....။
      နားရှုပ်သွားကြမယ်ထင်ပါတယ်......။
   တကယ်တမ်းတော့ ကိုရင်က တောသားစစ်တစ်ယောက်ပါ မြို့ကို ရွာကို ဦးဇင်းတစ်ပါးရဲ့ကောင်းမှုနဲ့ စာသင်ခွင့်ရသူပါ။ ဇာတိတော့ ဆီဆိုင်ဆိုတဲ့ တောမကျ မြို့မကျမြို့ငယ်လေးပါ ။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးရဲ့ ပဋိပက္ခကြားမှာ မြေစာပင်ဖြစ်ရသူဆိုရင်လည်း မမှားပါဘူး။ အဲဒီအကြောင်းတွေ ထားပါတော့။ အဘိုးအဘွားနဲ့နေ အချိန်တန်တော့ စာသင်ကျောင်းတက်ပေါ့နော်။ လေးတန်းဖြေအပြီး နွေရာသီမှာ ရွာရဲ့ဓလေ့ထုံးစံအတိုင်း ရှင်ပြုခဲ့ပါတယ် ။ အဲဒါနဲ့အပြီးဝတ်ခဲ့ဖြစ်တာခုထိပေါ့ဗျာ။ ရွာကျောင်းမှာ နှစ်နှစ်နေခဲ့လိုက်ပါသေးတယ် ။ ရွာကျောင်းဆိုပေမယ့် အထင်တော့မသေးလိုက်ပါနဲ့ နှစ်စဉ်နှစ်တိုင်း သင်္ဃာတော် အပါးပေါင်း သုံးရာအထက်တော့ရှိပါတယ် ။ အဲ ပြီးတာနဲ့ တစ်ရွာတည်းသား ရန်ကုန်မှာနေတဲ့ ဦးဇင်းတစ်ပါးက ရန်ကုန်မှာ စာသင်ဖို့ခေါ်သွားတယ် ။ အဲဒါနဲ့ မရန်းကုန်းက ဘုန်းကြီးကျောင်းမှာ နေဖြစ်ပါတယ် ။  သုံးနှစ်ကျော်ကျော်ပေါ့ အဲမှာ ။ ဒီပိုစ့်ကို ရေးချင်တဲ့အချက်က အဲဒီကျောင်း အတွင်းနေတုန်းက  ကိုရင်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် ဆန်းစစ်တာ ခုထိအဖြေရှာလို့မတွေ့သေးတာကြောင့် တွေးမိတိုင်း စိတ်ထဲမှာ ခိုးလုခိုးလုဖြစ်နေတာကြောင်း
ရေးဖြစ်တာပါ..။