ဘဝ နဲ့ လောကဓံ

ရဟန်းတို့ ....
လောကဓံတရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း လောကဓံတရား ရှစ်မျိုးတို့သို့ အစဉ်လိုက်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှုတို့တည်း။

ရဟန်းတို့
ဤလောကဓံ တရား ရှစ်မျိုးတို့သည် လောကသို့ အစဉ်လိုက်ကုန်၏၊ လောကသည်လည်း ဤလောကဓံ တရား ရှစ်မျိုးတို့သို့ အစဉ်လိုက်၏ ဟု (မိန့်တော်မူ၏)။


လာဘ်ရမှုသည် လည်းကောင်း၊ လာဘ်မရမူသည် လည်းကောင်း၊ အခြံအရံရှိမှုသည် လည်းကောင်း၊ အခြံအရံမရှိမှုသည် လည်းကောင်း၊ ကဲ့ရဲ့မှုသည် လည်းကောင်း၊ ချီးမွမ်းမှုသည် လည်းကောင်း၊
ချမ်းသာမှုသည် လည်းကောင်း၊ ဆင်းရဲမှုသည် လည်းကောင်း၊ ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည် မရှိကုန်၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိကုန်၏။
       မြတ်စွာဘုရားရဲ့ စကားတော်အတိုင်းပဲ လူဘဝကို ရောက်လာပြီ ဖြစ်လာပြီဆိုတာနဲ့ လောကဓံကို စတင်ရင်ဆိုင်နေပြီပေါ့ ။ တကယ်တော့ လူတွေက ဒါလောက်တောင်များနေတာ တစ်ယောက်နဲ့ တစ်ယောက်ဘာလို့ မတူကြတာလဲပေါ့။ ဥပမာ တစ်ယောက်က ငိုနေချိန်မှာ တစ်ယောက်က ရီနေတယ် အစသဖြင့်ပေါ့။ ဟုတ်တယ်...လူတစ်ယောက်ရဲ့ အသက်ရှုပုံက တစ်ယောက်နဲ့မတူပါဘူး ...။ ဆိုလိုတာက လူတစ်ယောက်ရဲ့ နေထိုင်လုပ်ကိုင်စားသောက်နေတာတွေ သူရဲ့ တစ်ကိုယ်ရေ အကြောင်းပါ ။ အဲဒါတွေက တစ်ယောက်နဲ့တစ်ယောက်မတူကျဘူးလေ ။အဲဒါတွေကြောင့် အဲဒီအကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးတရားလည်း ဘယ်တူတော့မှာလည်း ။ဖြစ်တဲ့အချိန် ခံစားရတဲ့အချိန်ကိုပြောတာနော် ။ အဲဒါကြောင့် အသက်ရှုနေတာတွေက အကောင်းကို ရှုနေရင် အသက်ရှိနေတုန်းမှာ လက်ရှိအချိန်မှာ ကောင်းတာတွေကို များများရှုထားရင် အသက်ရှုနေတာ ကောင်းတဲ့ဖက်ကို ရှုနေရင်ပေါ့ ။ ကောင်းတာတွေကို လုပ်နေရင်ပေါ့။
နောက်လာမည့် အချိန်မှာလည်း အကောင်းတွေကိုပဲတွေ့ရမှာပေါ့ ။
    ကိုရင်ရေးချင်တဲ့အကြောင်းက ဘဝကို ဘယ်လိုဖြတ်သန်းကြမလဲပါ ။ကြီးကျယ်တာလည်း မဟုတ်ပါဘူး ။ကိုရင်မှာရှိတဲ့ အတွေးတွေကို လောကဓံနဲ့စပ်ပြီးတော့ ရေးချင်တာပါ ။မှားရင် ခွင့်လွတ်ကြပါ ။ဝေဖန်ပေးကြပါ ။အကြံပေးကြပါ ။လိုအပ်တာရှိရင် ဆိုမယ့်အစား လိုအပ်တာကို ပြောပေးကြပါလို့ တောင်းဆိုချင်ပါတယ် ။
   လောကမှာ လောကဓံဆိုရင် အဆိုးပဲ ထင်ကြတယ် ။ တကယ်တမ်းတော့ လောကဓံဟာ အဆိုးအကောင်းနှစ်ခု စလုံးပါ ။လောကဓမ္မတဲ့ မူရင်းကပေါ့ လောကဆိုတာ လောက သက်ရှိတွေကျင်လည်နေကြတဲ့နေရာပေါ့ ဓမ္မဆိုတာတော့ တရားပေါ့ ရှင်းရှင်းဆိုရင်  ပေါင်းလိုက်မယ်ဆိုရင် သက်ရှိသတ္တဝါတို့ ကျင်လည်နေတဲ့ အရပ်မှာ ဖြစ်နေကျ တရားတွေပေါ့ ။ သတ္တဝါတွေ မလွဲမသွေ ခံစားရတဲ့ တရားပေါ ။အထက်ပါအတိုင်း တရားရှစ်ပါး ရှိတာပေါ့ ။ ဒီတရားတွေကို ဒီလောကဓံတွေကို ရင်ဆိုင်နိုင်မှာပဲ ဘဝခရီးက ဖြောင့်ဖြူးနိုင်မှာဖြစ်ပါတယ် ။
    လာဘ...ဆိုတာလာဘ်ပေါ့ မြန်မာအခေါ်လေ ရတာပဲလေ.။ ကံအားလျော်စွာ စည်းစိမ် ဥစ္စာတွေကို ရတာပေါ့ ။.အဓိက ဒီတရားက ရနေတာကို ဘယ်လိုရင်ဆိုင်မှာလဲ ရလာပြီးတာကို ဘယ်လိုသုံးမှာလဲ၊၊ ဆိုပါတော့ သိန်းငါးရာ ထီပေါက်တယ်ဆိုပါတော့ ။ ဒီသိန်းငါရာကို ရတာ လောကဓံပဲနော် ။ ဒီငွေတွေကို မသုံးတတ်လို့ ဒီငွေတွေကို မနိုင်လို့ ဆိုရင် ပျက်စီးသွားမယ် ။သေစာသောက်စားမယ် လောင်းကစားမယ် ပွေမယ် ရှုပ်မယ်ပေါ့ ။အဲဒီနေရာတွေမှာ သုံးမယ်ဆိုရင် လောကဓံကို ရှုံးသွားပြီ ။ကဲ ဒီလောကဓံကို ဘယ်လိုအနိုင်ယူမလဲ ။ လိုအပ်တာက သတိပဲ ။လုပ်တော့မယ် ဆိုရင် ဒီဟာက ကောင်းလား ဆိုလား ပေါ့။နောက်ထပ်တစ်ခု ပညာရှိဖို့လိုတယ် ။ပညာရှိမှလည်း ကောင်းဆိုးနှစ်မျိုးကို ခွဲခြားနိုင်မှာလေ။ ဒီတရားနှစ်ပါးကိုလက်ကိုင်ထားပြီးတော့ ရလာခဲ့တာရှိရင် ဒါကို လှုမယ်တန်းမယ် ဒါကို အရင်းအနှီးလုပ်ဖို့ စားဖို့သောက်ဖို့ မိဘဖို့ အစုနဲ့စုပြီးတော့ ပိုင်းခြား သုံးတတ်ရမယ် ။ ဒါမှ နိုင်မှာပေါ့ ။
 အလာဘ....ဆိုတာ အပေါ်က ဆန့်ကျင့်ဘက် မရတာပေါ့ ။ ဘယ်လိုရင်ဆိုင်မှာလဲ ။လိုချင်တာကို မရခဲ့ရင် ဘယ်လိုလုပ်မှာတုန်း ။ ဥပမာ တိုက်လိုချင်တယ် ကားလိုချင်တယ် ။အဲဒါကို ရဖို့ ဘာနဲ့ပဲဖြစ်ဖြစ် မရရအောင် လုပ်မယ်ဆိုတာမျိုးကို ဖယ်ရှားရမယ် ။ ကိုယ်လိုချင်တာကို လိုချင်တာ အကောင်းလား အဆိုးလား အရင်ခွဲခြား ။ တစ်ခုတော့ပြောချင်တယ် ။ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး မဖြစ်သေးတာပဲရှိမယ်တဲ့ ။အားလုံးကြား ဖူးပြီးသားပါ ။ ဟုတ်တယ် မဖြစ်နိုင်ဘူးဆို မရှိဘူး ဒါပေမယ့် ဒီဘဝနဲ့ မဖြစ်နိုင်တာရှိတယ် ။ အဲဒါတွေတော့ နားလည်မှာပါ ။ အဲလိုပြီးရင် ကိုယ်ရဖို့ ကောင်းကောင်းယူရမယ် ။.မကောင်းတဲ့နည်းနဲ့မယူရဘူး .။ မတရား လုယက် ရောင်းဝယ်ကူသန်း အဲလိုလုပ်မယ်ဆိုရင်တော့ အရှုံးပေးသလိုဖြစ်မှာပါ ။ ကိုယ်လိုချင်တာကို ပန်းတိုင်တစ်ခုလုပ်လိုက် ပြီးရင် အဲဒီပန်းတိုင်ကို ဘယ်လိုသွားမယ် ဘယ်လိုရအောင် ယူရမယ်လို့ ။ မှတ်ထားလိုက် ။ပြီးရင် ပညာသတိဝိရီယ တွေနဲ့ လုပ်လိုက်မယ်ဆို၇င် ဘယ်မှာ မရရှိမှာတုန်း ။
    ယသ ...အခြွေအရံတဲ့ ...၊ လူဖြစ်လာပြီး သိတတ်စအရွယ်ကတည်းက သူငယ်ချင်းတွေ ရှိချင်ကြတာပေါ့ မည်သူမဆို ။ ကိုယ့်ကိုခြံရံတာကို ကြိုက်တတ်တယ် မိဘတွေဆိုရင်လည်း သားသမီးလိုချင်တယ် အရွယ်ရှိတဲ့လူဆိုလည်း အိမ်ထောင်ပြုချင်တယ် ဆရာတွေလည်း တပည့်လိုချင်တယ် အခြံရံများများရှိလေ ကောင်းလေ လိုချင်လေလေသတဲ့ ။ဒါလူ့သဘာဝကိုး....။ အခြံရံပေါများလို့ ကောင်းတာလည်း ရှိသလို မကောင်းတာလည်း ရှိပါတယ် ။တစ်ချို့ ပျက်စီးနေတဲ့ သူငယ်ချင်းတွေနဲ့ဆိုရင် ပျက်စီးသွားပြီး ဘဝကလည်း သုံးစားလို့မရအောင် ဖြစ်သွားမှာပေါ့ ။ အများကြီး ပြောစရာမလိုပါဘူး ။အားလုံးနားလည်ပြီးသားပါ ။ ဒါလည်း ပညာနဲ့သတိရှိရင်  ရပါတယ် ။ ဒါကောင်းလား မကောင်းလား ခွဲခြားပေါင်းသင်းရင် ကောင်းတဲ့ လူနဲ့ပေါင်းပြီး အကြံဥဏ်ကောင်းတွေကို ယူပြီးတော့ ကိုယ်လိုတာကို ရဖို့ အကူညီကောင်းတွေ ရလာမှာပါ ။
  အယသတဲ့ အပေါ်က ဆန့်ကျင့်ပေါ့ အခြွေရံ နည်းပါးတာပေါ့ ။ သူငယ်ချင်းတွေ နည်းတာတို့ တစ်ကောင်ကြွက်ဖြစ်တာတို့ပေါ့ ။ အဲလိုမျိုး အခြွေရံနည်းတာကို ဘယ်သူမှု မလိုချင်ပါဘူး ။ မိဘ ဆွေးမျိုးဆရာ သမား တပည့် တွေ သူငယ်ချင်းတွေနဲ့ တင့်တင့်တယ်တယ်နေချင်ကြတာပဲ ။ ဒီအခြွေရံတွေ ကြောင့် ပျက်စီးသွားတာတော့ မဖြစ်စေချင်ဘူး ။ တွေ့ဖူးကြမှာပါ သူငယ်ချင်းတို့ဘာတို့ ...ဘာတို့ဆိုတော့ နားလည်တော့ အရက်သောက် စသည်မကောင်းတာတွေလုပ်ပြီးတော့ ပျက်စီးသွားတာမျိုးပေါ့လေ ။ အဲဒါကို သတိပညာနဲ့ ယှဉ်ပြီးကျော်ဖြတ်ရမယ်လေ ။ ဘဝခရီးဖြောင့်ဖြူးချင်၇င်တော့ လုပ်ရမှာပဲ ။
  နိဒ္ဒါ ကဲ့ရဲ့ခြင်း ကဲ့ရဲ့ခံရလို့ ပျက်စီးသွားကျတာလည်း များပါတယ်။ ဟုတ်ပါတယ် ။လူတွေက အသိုင်းအဝန်းနဲ့ ပတ်ဝန်းကျင်နဲ့နေတာလေ ။မတော်လို့ တစ်ခုခုကို အမှားလုပ်မိရင် ကဲ့ရဲ့တယ် ဝေဖန်တယ် ။ တွေ့ရင် အကြောင်းပြောတယ် စပ်ရင်ပြောတယ် ။ အဲဒါမျိုး ။ အဲဒါကို ဂရုမစိုက်ပါနဲ့ ။ ဒါပေမယ့် ကိုယ်မှန်နေမှနော် ။ကိုယ်မှားနေ၇င်တော့ ပြင်ပေါ့ ။ ကိုယ်မှားနေလို့ ဝေဖန်ကဲ့ရဲ့နေရင် ရင်ဆိုင်လိုက်ပါ ။ ပြင်လိုက်ပါ ။ ကိုယ်မှန်နေတယ် ဆိုရင် ဘယ်သူတွေ ဘယ်လိုပြောပြော ။ ဂရုစိုက်စရာမလိုပါဘူး ။ ကဲ့ရဲ့ခုနှစ်ရက် ချီးမွန်းခုနှစ်ရက်တဲ့ ။ ပြီးတော့ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးတဲ့ ။
  ပသံသာ ချီးမွမ်းခြင်းတဲ့ တစ်ချို့က ရှိတယ် မြောက်လိုရင် ကြွသွားရော ။ ချီးမွမ်းလိုက်ရင် အောက်ခြေလွတ်သွားတယ် ကိုယ့်ကိုယ်ကို အထင်ကြီးနေတာပေါ့ ။အဲလိုမဖြစ်ရဘူး ချီးမွမ်းနေလည်း သိပ်ပြီးတော့ ချီးမွမ်းတဲ့အတိုင်း မြောက်မသွားဖို့ လိုတယ် ။ တစ်ချို့တော့ ရှိမှာပေါ့ အရက်သောက်တာလေ ဒီလောက်တော်တော်သောက်နိုင်တ်ယလို့ ပြောလိုက်ရင် ထပ်ပြီးတော့ သောက်တယ် ပိုပြီးတော့ သောက်တတ်တယ် ။ အစရှိသဖြင့်ပေါ့ ။ တစ်ခြားအများကြီးကျန်ပါသေးတယ် ။ ချီးမွမ်းလို့ မြောက်မသွားဖို့ လိုတယ် ။မကောင်းတာကို ပြောတာနော် ။ကောင်းတာဆိုရင် ဆက်လုပ်လိုက်အားပေးတယ် ။
  သုခံဒုက္ခံတဲ့ ချမ်းသာဆင်းရဲပေါ့ ။ ဒီနှစ်ခုက အထင်ပေါ်ဆုံးပဲ ။ ချမ်းသာဆင်းရဲဆိုတာ နှစ်ခုရှိတယ် ။ ကိုယ်ချမ်းသာ စိတ်ချမ်းသာပေါ့ ။ တစ်ချို့က စည်းစိမ်ဥစ္စာတွေ အပြည့်စုံရှိပါလျက်နဲ့ ကျမ်းမာရေးမကောင်းတာတို့ စတဲ့အကြောင်းတွေ များရှိတယ် ကိုယ်ပဲ ချမ်းသာတယ် စိတ်မချမ်းသာဘူး ။အဲဒါတစ်မျိုး ။စိတ်ချမ်းသာ ကိုယ်ကဆင်းရဲတယ် ရေရောင်းတာတို့ဘာတို့ ကျန်တာတွေ အများကြီးရှီပါတယ် စိတ်တော့ချမ်းသာတယ် ကိုယ်ရှိတာလေးကို စားပြီးတော့ မိသားစုနဲ့ပျော်ပျော်ပါးပါးနေထိုင်ကြတာတွေပေါ့လေ ။  ဒီနှစ်ခုလုံးအမြဲတမ်းဒွန်တွဲနေတာမို့ တင့်တိမ့်ရမှာဖြစ်ပါတယ် ဖြစ်လာတာကို ရင်ဆိုင်ရမယ် ။ ဒီနှစ်ခုကို ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုပေါ့ ။ ဆိုပါတော့  ဘုရားသခင်လက်ထက် ဇာတ်လမ်းကို ကြားဖူးမှာပါ ။ စည်စိမ်ရွေငွေတွေရဲ့ အစွမ်းကြောင့် ပညာသင်ချိန်မှာ မသင်ရဘဲနဲ့ ဒီလိုနဲ့ အရွယ်ရောက်တော့ အရွယ်ကြီးတော့ မှ ဆင်းရဲသွားကြရတာလေ ။ ချမ်သာမှုကြောင့် မပျက်စီးဖို့ လိုအပ်ပါတယ် ။ ဒါအတူ ဆင်းရဲမှုကြောင့် တွေဝေမှိုင်မနေပါနဲ့ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်သင့်တာကိုမှန်မှန် နည်းလမ်းကျကျလုပ်သွားမယ်ဆိုရင် မိမိရဲ့ ပန်းတိုင်က မိမိလက်ထဲကို ရောက်လာမယ်ဆိုတာကို မုချပါ ။
   တကယ်တမ်းတော့ လောကဓံဟာ အကောင်းအဆိုးနဲ့တွဲနေတာမို့ ခုပဲ ရီပြီး ခုပြန်ငိုနေရတာလည်း တွေ့ကြမှာပါ ။ ခုကိုရင်ရေးနေတဲ့အကြောင်းက မစုံဘူးဆိုရင်တောင် ဘဝကို ဖြတ်သန်းနေကြတဲ့ ဘဝခရီးသွားတို့အတွက် ထောက့်ကူဖြစ်ပါစေဆိုတဲ့ ဆန္ဒနဲ့ရေးတာပါ ။
   ကြမ်းတမ်းလှတဲ့ သံသရာပင်လည်ထဲမှာ ဘဝလှေငယ်လေးနဲ့ ခရီးဆက်နေကြတဲ့ သံသရာခရီးသည်တို့....
 ငါတို့တွေ ဒီခရီးစဉ်တွေတွင်းမှာ ကြုံဆုံလာမယ့်  လောကဓံကြီးကို စဉ်းစားတွေးခေါ်ဆင်ခြင်ပြီးတော့ မမေ့လျော့စွာနဲ့ အားမာန်အပြည့်နဲ့ အဆုံးတိုင်ပန်းတိုင်ကို လျောက်လှမ်းနိုင်ကြပါစေ.............။
                                     ရှင်ပဏ္ဍဝ(ဆီဆိုင်)
ကိုရင်ရဲ့ အသက်ငယ်ရွယ်မှုကြောင့် အတွေးအမြင်တွေ မှားနေမယ်ဆိုရင် ဆိုဒ်ကို လာလည်သူများလာလည်သူတိုင်း အားမနာတမ်းဝေဖန်ပေးကြပါရန် တောင်းဆိုအပ်ပါသည် ။  ။

No comments:

Post a Comment