သာသနာတော်၌ ကိစ္စအားလုံးပြီးပြည့်စုံနေသော ရဟန္တာပုဂ္ဂိုလ်သည် သူတော်ကောင်း တရားကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သင်ယူ၏။ မိမိအတွက် ရည်ရွယ်ချက်မရှိ၊ ထိုသင်ယူခြင်းမျိုးကို ဘဏ္ဍာဂါရိကပရိယတ္တိဟု ခေါ်သည် ဆိုခဲ့ပြီးသော ပရိယတ္တိ (၃) မျိုးတို့တွင် နိဿရဏတ္ထပရိယတ္တိမျိုးဖြင့် သင်ယူမှသာလျှင် ရှင်ရဟန်းပြုရကျိုးနပ်နိုင်ပါသည်။ အချို့လည်း …..
ငယ်ရွယ်စဉ် အလဂဒ္ဒူပမာ (စာတတ်လာလျှင် သူတစ်ပါးကို နှိမ်ရန်၊ ဝင့်ကြွားရန်၊ ဘုန်းကြီးရန် စသော လောဘ၊ ဒေါသအကုသိုလ် မူလအရင်းခံသဖြင့် သင်ယူကြသော နည်းမျိုးကို မြွေဖမ်းသောအတတ်) ပရိယတ္တိနည်းမျိုးဖြင့် သင်ယူရင်းပင် ပိဋကတ်တော်၏ အနှစ်သာရများကို သိရသဖြင့် နိဿရဏတ္ထ ပရိယတ္တိသို့ ပြောင်းလဲသွားသည်ကို အများအပြားတွေ့ရပါသည်။