ဆုံးဖြတ်ချက်ဆိုတာ.....

    ကိုရင် စာသင်တိုက်က ထွက်လာတာ ခုဆို လေးနှစ်ကျော်ဆိုတဲ့အချိန်ကာလ တစ်ခုကို ရောက်လာပါပြီ...။ တစ်ခါတစ်လေတော့ ကိုယ့်ဘဝနောက်ကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်ကိုယ်ကို အပြစ်တင်ရမှာလား ကံကြမ္မာကိုလား ဆရာသမားကိုလား ပေါ့နော်.....။
      နားရှုပ်သွားကြမယ်ထင်ပါတယ်......။
   တကယ်တမ်းတော့ ကိုရင်က တောသားစစ်တစ်ယောက်ပါ မြို့ကို ရွာကို ဦးဇင်းတစ်ပါးရဲ့ကောင်းမှုနဲ့ စာသင်ခွင့်ရသူပါ။ ဇာတိတော့ ဆီဆိုင်ဆိုတဲ့ တောမကျ မြို့မကျမြို့ငယ်လေးပါ ။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးရဲ့ ပဋိပက္ခကြားမှာ မြေစာပင်ဖြစ်ရသူဆိုရင်လည်း မမှားပါဘူး။ အဲဒီအကြောင်းတွေ ထားပါတော့။ အဘိုးအဘွားနဲ့နေ အချိန်တန်တော့ စာသင်ကျောင်းတက်ပေါ့နော်။ လေးတန်းဖြေအပြီး နွေရာသီမှာ ရွာရဲ့ဓလေ့ထုံးစံအတိုင်း ရှင်ပြုခဲ့ပါတယ် ။ အဲဒါနဲ့အပြီးဝတ်ခဲ့ဖြစ်တာခုထိပေါ့ဗျာ။ ရွာကျောင်းမှာ နှစ်နှစ်နေခဲ့လိုက်ပါသေးတယ် ။ ရွာကျောင်းဆိုပေမယ့် အထင်တော့မသေးလိုက်ပါနဲ့ နှစ်စဉ်နှစ်တိုင်း သင်္ဃာတော် အပါးပေါင်း သုံးရာအထက်တော့ရှိပါတယ် ။ အဲ ပြီးတာနဲ့ တစ်ရွာတည်းသား ရန်ကုန်မှာနေတဲ့ ဦးဇင်းတစ်ပါးက ရန်ကုန်မှာ စာသင်ဖို့ခေါ်သွားတယ် ။ အဲဒါနဲ့ မရန်းကုန်းက ဘုန်းကြီးကျောင်းမှာ နေဖြစ်ပါတယ် ။  သုံးနှစ်ကျော်ကျော်ပေါ့ အဲမှာ ။ ဒီပိုစ့်ကို ရေးချင်တဲ့အချက်က အဲဒီကျောင်း အတွင်းနေတုန်းက  ကိုရင်ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ပြန်လည် ဆန်းစစ်တာ ခုထိအဖြေရှာလို့မတွေ့သေးတာကြောင့် တွေးမိတိုင်း စိတ်ထဲမှာ ခိုးလုခိုးလုဖြစ်နေတာကြောင်း
ရေးဖြစ်တာပါ..။

      အဲဒီကျောင်းမှာနေတာ သုံးနှစ်မြောက်ပေါ့နော် ဘုန်းကြီးအခေါ်အဝေါ်နဲ့ဆိုရင် ပထမလတ်တန်း ရောက်ပြီပေါ့နော်။ မူလတန်း ပထမငယ် ပထမလတ် ပထမကြီးစသည်ဖြင့်ပေါ့ ။ အစိုးရစစ်အပြီးမှာ သူများတွေ ရွာအလည်ပြန်ပေါ့ ဆွေဆီ မျိုးဆီ မိဘဆီကိုလေ ။ ကိုရင်တော့ ထုံးစံအတိုင်း ခေါ်လာတဲ့ ဦးဇင်းက သုံးနှစ်ပြည့်မှတဲ့ ။ ဒါပေမယ့် ကိုရင်က မပြန်ချင်သေးဘူး ။ကိုရင့်မှာ အားကျတဲ့ ကြည်ညိုတဲ့ လေးစားတဲ့ ဆရာစာချဘုန်းကြီးတစ်ပါးလို ဖြစ်ချင်တဲ့ ဆန္ဒရှိလို့ပဲ ။ အဲဘုန်းကြီးမှာ သင်စရာ တတ်စရာတွေ အများကြီးရှိတယ် ။ တစ်နည်းပြောရင် ကိုရင်တို့ရဲ့ ပအိုဝ်းလူမျိုးစုတွေမှာ ရှားပါးတဲ့ ပညာတတ်တစ်ယောက်ပေါ့နော်။  အဲဒါနဲ့ ရန်ကုန်နွေမှာ ရွာကို အလည်မပြန်ပဲ စာပြန်ဖို့ အတွက် စာကျက်နေတာပေါ့နော် ။ အဲဒီအကြောင်းတွေကို ကောင်းကောင်းသိပ်မမှတ်မိတော့ပါဘူး ။ သာမဏေကျော် ဆိုတဲ့ ဘွဲ့တစ်ခုအတွက်ပါ ။ကိုရင်တွေအတွက် ဘွဲ့လိုပြောရမှာပေါ့ ။ ကောင်းကောင်းတော့မသိပါဘူး ။ အသက်ကိုပိုင်ခြားပြီးတော့ ဝင်ဖြေတာပေါ့။ အသက်နှစ်ဆယ်မပြည့်မချင်း။
သုံးဆင့်ရှိတယ် တစ်ဆင့်ပြီးရင် တစ်ဆင့်ပေါ့ ။ အဲဒီသုံးဆင့်စလုံးအောင်ရင် သာမဏေကျော်ဘွဲ့ရပြီပေါ့။ ဥပမာ ကိုရင်က ပဏ္ဍဝ ဆိုတော့ အလင်္ကာရ ဆိုတဲ့ တန်ဆာထူးကို ထပ်ဆင်လိုက်တာပေါ့ ပဏ္ဍဝါလင်္ကာရ လိုဖြစ်တာပေါ့နော်...။ငယ်ငယ်က လိုချင်တဲ့ အရာလေးပေါ့ ။
    အဲဒီအတွက် အဲဒီအတွက်ကြောင်းပေါ့ ။
   စာလည်းရ စာပြန်ချိန် လည်းရောက်ခါနီးရော မထင်မှတ်တာတွေ ဖြစ်လာတော့တယ် ။ တစ်မျိုးပြီးတစ်မျိုး။
ပြောရဦးမယ်...။ ကိုရင်အတွက် သာမဏေကျော်ဖြေဆိုဖို့အတွက်ပေါ့ ။ကျောင်းနေထိုင်ခွင့်နေရာကို လျောက်ပေးတဲ့သူက ကိုရင်အားကျ ကြည်ညို လေးစားတဲ့ ဘုန်းကြီးပါပဲ ။ သူနဲ့ကတောက်ကဆဖြစ်လာတယ်။ နောက်စာပြန်ဖို့ ချိန်းထားတဲ့ ရက် တစ်ရက်အလိုမှာ သူ့အခန်းကို ကိုရင်သွားတယ်။ စာပြန်ဖို့အတွက်ပေါ့ ။ ဒါပေမယ့် သူမရှိဘူး ။ အဲဒါနဲ့ စာတစ်စောင်ကို သူ့အတွက်ရေးပေးထားလိုက်တယ် ။ မနက်ဖန်စာပြန်မယ် အစသဖြင့်ပေါ့ ။ နောက်နေ့လည်း ရောက်ရော သူမအားရှာဘူး အပြင်ထွက်သွားတယ် ။ ကိုရင်လည်း စိတ်ဓါတ်ကျ ရော .......။ ဘာမှမလုပ်တော့ ဘူး ဒီတိုင်းဖြစ်သလိုပဲနေတော့တယ် ။ နောက်တစ်ရက်နှစ်ရက်မှာ သူလာခေါ်ရှာပါတယ် စာပြန်ဖို့လေ...။ ကိုရင်မလိုက်တော့ဘူး မပြန်တော့ဘူး အဲဒီဘွဲ့ကိုလည်း မလိုချင်တော့ဘူး ။အဲဒီတုန်းလည်း ကိုရင်တော်တော်ငယ်သေးတယ်လေ အသက်က ၁၆လောက်ပဲရှိဦးမယ် ။ ဘယ်တွေးတောတတ်သေးမှာတုန်း အမှားအမှန်ကိုလည်း မခွဲခြားတတ်သေးဘူး လေ ....။
  အဲဒါနွေမှာ ရွာကို ခဏ အလည်ပြန်ဖြစ်ပါတယ် လဝက်လောက်ပေါ့။
  ပြီးတော့ အဲဒီကျောင်းမှာပဲ ဆက်နေဖြစ်ပါတယ် ။ ဒီလိုပဲဝါဆိုပြန်ပြီပေါ့ ပထမကြီးစာသင်သားကြီး ဖြစ်သွားပြီပေါ့နော်....။ ဟီး ။ ဝါဆိုပြီးမကြာပါဘူး အဲဒီကျောင်းထိုင်ဆရာတော်နဲ့ နည်းနည်းပါးပါး ကတောက်ကဆ ဖြစ်သွားတယ် ....။ အဲဒါနဲ့ စိတ်မြန်ကိုယ်မြန်ဖြစ်တဲ့ ကိုရင် ဟာ သည်းခံမှု ကင်းမဲ့စွာဖြင့် အဲဒီညမှာပဲ ပစ္စည်းသိမ်း ရွာပြန်ဖို့ပြင်တော့တယ်...။နောက်တစ်ပတ်လောက်မှ ရွာကိုပြန်ဖြစ်ပါတယ် ။ အဲဒါတွေကြောင့် ကိုယ်လိုချင်တဲ့ ဘဝကို မရတော့ဘဲ ။ ရည်ရွယ်ချက်ကင်းမဲ့သွားတော့တယ် ။ ရွားနီးနားက ဘုန်းကျောင်းတစ်ကျောင်းမှာ ကိုရင်သေးသေးလေးတွေကို စာသင်ရင်း နဲ့ အချိန်ဖြုန်းခဲ့ပါတယ် ။ သင်္ကြန်အလွန်လောက်မှာ ခုလို အွန်လိုင်းပေါ်မှာ ဘဝရဲ့ရည်ရွယ်ချက်ကို ပြောင်းလိုက်ပါတယ် ။ ခုကိုရင်က မဲဆောက်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာနေနေပါတယ် ။ ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြတ်သန်းဦးမယ် ဆိုတာကို မသိသေးပါဘူးဗျာ ။
   ဒီစာတွေကို ဖတ်ပြီးတော့ စာဖတ်သူတို့ ဘယ်လိုထင်မှာလဲ ။
ကိုရင်ကြောင့်လား   ကံကြမ္မာကြောင်းလား  စာချဘုန်းကြီးလား ။
ကိုရင်ဘဝ ဒီလိုပြောင်းလဲ ရတဲ့ တရားခံကပေါ့လေ......။ ကိုရင်တော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ချင်သလို
စာချဘုန်းကြီးကိုလည်း အပြစ်မတင်ဝံ့ပါ ။ မှားတာတွေ မှားပြီးပါပြီ ။ ဖြစ်သမျှအကြောင်းကို ကံကြမ္မာကိုပဲ အပြစ်တင်ပါတော့မယ် ။
   စာဖတ်သူတို့လည်း ဘဝတစ်ကွေ့ကွေ့မှာ ကြုံတွေ့နိုင်တဲ့ ဒွိဟစိတ်တွေနဲ့ ကြုံတွေ့ရတဲ့အခါကျရင် ကိုရင်လိုမျိုး မြန်မြန်ဆန်ဆန် မဆုံးဖြတ်ပဲနဲ့ အေးဆေးတည်ငြိမ်စွာနဲ့ ကျော်ဖြတ်ရင်းနဲ့ ဆန္ဒနဲ့ ဘဝတစ်ထပ်တည်းကျပါစေ....။
                                          ရှင်ပဏ္ဍဝ(ဆီဆိုင်)

6 comments:

  1. ကိုရင် တပည့်တော်လာလည်ပါတယ်ဘုရား။ လမ်းကြုံရင်တပည့်တော်ဆိုဒ်ကို
    လည်း လာလည်ပါအုံးဘုရား။ http://villagethar2011.blogspot.com/

    ReplyDelete
  2. ၁။ www.blogger.com ကို အရင်သွားပါ။
    ၂။ Design ကို ဝင်ပါ။
    ၃။ Page Elements ကို ရွေးပါ။
    ၄။ Add a Gadget ကို နှိပ်လိုက်ပါ။
    ၅။ ပေါ်လာတဲ့ အကွက်ထဲမှ HTML/JavaScript ကို ရွေးလိုက်ပါ။
    ၆။ ပြီးရင် ကုတ်ကို ထည့်လိုက်ပါ။
    ၇။ ပြီးရင် Save ကို နှိပ်ပြီး ကိုယ်ထားလိုရာ နေရာကို ရွေ့လိုက်ပါ။ ဒါဆို ရသွားပြီ ဘုရား။

    အဆင်ပြေပါစေ။

    ReplyDelete
  3. တပည့်တော်လာလည်သွားပါတယ်...

    ဘဝကတော့ ဒီလိုပါပဲ....နိမ့်လိုက်မြင့်လိုက်ပါပဲ...

    အားလုံးကိုနောက်ကျောပေးလိုက်ပါ...ကျန်ခဲ့ပါလိမ့်မယ်..

    ReplyDelete
  4. ဟုတ်တယ်...ဒကာကြီးရယ်...အဲလိုပေါ့ ဒါပေမယ့် အဲဒီအဖြစ်အပျက်က ရှင်းရှင်းပြောရရင် ကိုရင် အငြိုးရှိသလိုဖြစ်နေသေးလို့လေ....မေ့လို့မရဘူးဖြစ်နေတာ ခုတော့ အဆင်ပြေနေပါပြီ...ကျေးဇူးပါနော်

    ReplyDelete
  5. အရှင်ဘုရား ဆရာလုပ်တာတော့ မဟုတ်ပါဘူး။
    အဲစိတ်ကြီး ရှိနေတာဟာ အရှင်ဘုရာအတွက် မကောင်းလို့
    တပည့်တော် အကြံပေးကြည့်တာပါ။
    အရှင်ဘုရားပြောနေတဲ့ ဘယ်သူကြောင့်လဲ ဆိုတဲ့ နေရာမှာ
    အရှင်ဘုရားလိုချင်တဲ့ အရာကို လိုချင်သေးတယ်ဆိုရင်တော့
    အရှင်ဘုရားရဲ့ စိတ်ကို ပြင်ပြီး ရအောင်ယူပါ။
    စိတ်ကို မပြင်နိုင်ဘူးဆိုရင်တော့ ပြီးခဲ့တဲ့ ကိစ္စတွေအတွက်
    နောင်တမရမိပါစေနဲ့။ နောင်တရမိခဲ့ရင် ယခုလည်းမကောင်းသလို
    နောင်သံသရာအတွက်လည်း အကျိုးမရှိလို့ပါဘုရား။
    တပည့်တော်ပြောချင်တာက ဖြစ်ပြီးခဲ့တဲ့ ကိစ္စအတွက်
    နောင်တသာ မရစေချင်တာပါ။ မေ့ပစ်လိုက်ဖို့ မဟုတ်ပါဘူး။
    ပြုခဲ့ပြီဖြစ်တဲ့ ကိစ္စတွေကို ပြန်လည် ဆင်ခြင်ပြီး အလာတူးတဲ့
    ကိစ္စမျိုး နောက်ထပ်မဖြစ်အောင်သာ ဆင်ခြင်သင့်ပါတယ်လို့ပဲ အကြံပေးပါရစေ။

    တပည့်တော် စကားအမှားပါတာရှိရင်လည်း ခွင့်လွှတ်နားလည်းပေးတော်မှုပါ ဘုရား

    ReplyDelete
  6. ကျေးဇူးတင်ပါတယ် အခုလိုအကြံပေးတာကို ။ ဒကာကြီးပြောတာလည်း ဟုတ်ပါတယ်။ ခုလိုမျိုးစိတ်ရှိနေလို့လည်း ဒီလိုဘဝကိုရောက်နေတာပါ နောက်မဖြစ်အောင် ဂရုစိုက်ပါတော့မယ် ။အမှားမပါပါဘူး ။အကြံပေးနိုင်ပါတယ် ။

    ReplyDelete