တောင်းပန်စာ

 ဘုရားတပည့်တော် စိတ်မကောင်းလွန်လို့ ဒီစာကို ရေးဖြစ်တာပါ ။ တကယ်လည်း စိတ်ကိုတော်တော် ထိခိုက်မိပါတယ်ကိုယ့်ကိုယ်ကိုပေါ့ ။ ဘာဖြစ်လို့ဆိုတော့  ဒီကနေ့ ရဟန်းခံရှိတော့ မနေ့ကတည်းက ကြိုပြင်ထားတယ်လေ ။ကြမ်းတိုက်တံမြက်စည်းလှည်း ဘုရားစင်တွေပြင်တာတွေပေါ့ ။ အဲဒါ ဘုန်းကြီးက ခေါ်တော့ သွားပြီးတော့ တံခါးတွေဖွင့်ပြီးတော့ တံမြက်စည်းလည်းတုန်း ဖြစ်တဲ့အဖြစ်အပျက်ပါ ။
ဦဇင်းကြီးတစ်ပါးက တံမြက်စည်းလှည်းတာ အစနေ သေချာမလှည်းဘဲနဲ့ ဟိုတစ်ကွက်ဒီတစ်ကွက်လိုက်လှည်းတော့ ကိုရင်က ပြောမိလိုက်တာပါ ။တကယ်တော့ ကိုရင်ပြောတာက နှစ်ခါပြန်လှည်းရမှာစိုးလို့ပါ ။ ဒါပေမယ့် သူပြန်ပြောတဲ့ စကားတွေက ကိုရင်မျက်ရည်တစ်ခါတည်း ဝဲသွားတယ် ။ အော် အသက်ကြီးတော့ မေ့နေပြီ လုပ်လည်းမလုပ်တတ်တော့ဘူး အသက်ကြီးရင် ဘာမှသုံးလို့မရတော့ ဘူး အသက်ကြီးတာကို စိတ်ညစ်နေတယ်တဲ့ ။ သူပြောတာတွေ ကိုရင်ကောင်းကောင်း မကြားရဘူး ။ခပ်လှမ်းလှမ်းရှိနေလို့လေ ။ ဒါပေမယ့် သူပြောတာတွေက စိတ်ထဲကိုတော်တော်မကောင်းဖြစ်သွားတယ် ။ ကိုရင် သူကိုပြောတာက ထိခိုက်စေဖို့ မဟုတ်သလို အကောင်းပြောတာပါ ။ဒါပေမယ့် သူအဲဒီလိုတွေးပြီးတော့ အသက်ကြီးလို့ ဘာဖြစ်တယ်ညာဖြစ်တယ် အဲလိုပြောတော့ စိတ်လည်းထိခိုက်တယ် ။ငိုလည်းငိုချင်သွားတယ် ။ ကို၇င်သူများတွေကို အဲလိုမျိုး စိတ်မကောင်းစေတဲ့ စကားမျိုးကို မပြောဖူးပါဘူး ။
သူမျာစိတ်ညစ်သွားမှာကိုလည်း မလိုချင်ပါဘူ ။ ခုလိုဖြစ်သွားတဲ့ အတွက် ကို၇င် ခံစားနေရတယ် ။ တစ်နေ့ ကိုရင်အဲလိုအရွယ်ရောက်သွားမှာပါ ။ အဲဒီခါကျရင် ကိုရင် အဲလိုဖြစ်မှာကို ကို၇င်အရမ်းကြောက်နေမိတယ် ။အသက်ကြီးနေတဲ့လူကို ကိုရင်လေးစားပါတယ် ။ကိုယ့်ထက်ကြီးတဲ့လူကို ကိုရင်လေးလေးစားစားပြောပါတယ် ။ဘာမှမဟုတ်တဲ့ ကိုရင်ရဲ့ ပြောဆိုမှုကြောင့် အဲလောက်ထိဖြစ်မယ် သူအဲလောက်ထိပြောလိမ့်မယ်လို့ ကိုရင်မထင်ပါဘူ ။ကိုရင်တကယ်ရည်ရွယ်ပါဘူး ။ နောက်ဆိုရင် ကိုရင်လေ အဲဒီအဖြစ်ပျက်တွေကြောင့် သူများတွေကို ဘယ်တော့မှ မပြောတော့ဘူး ။ သူများစိတ်မကောင်းဖြစ်စေတဲ့ စကားကိုလည်း ဘယ်တော့မှမပြောတော့ဘူး ။ အဲဒီဦဇင်းကိုလည်း ဒီနေရာကနေ တပည့်တော်ရဲ့ စကားတွေကြောင့် စိတ်အနှောင့်ယှက်ဖြစ်၇တဲ့ အတွက် ဘုရားတပည့်တော်ရဲ့ မိုက်ပြစ်ဖို့ တောင်းဆိုပါတယ် ။ တဒင်္ဂမှားတဲ့ အမှားကြောင့် သူတစ်ပါးစိတ်အနှောင့်ယှက်မဖြစ်ပါစေနဲ့တော့ဘုရား။ ရှင်ပဏ္ဍဝ(ဆီဆိုင်)

No comments:

Post a Comment