စာသင်နေသူများကို မနှိမ်သင့်ပါ

သာသနာတော်၌ ကိစ္စအားလုံးပြီးပြည့်စုံနေသော ရဟန္တာပုဂ္ဂိုလ်သည် သူတော်ကောင်း တရားကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့်သာ သင်ယူ၏။ မိမိအတွက် ရည်ရွယ်ချက်မရှိ၊ ထိုသင်ယူခြင်းမျိုးကို ဘဏ္ဍာဂါရိကပရိယတ္တိဟု ခေါ်သည် ဆိုခဲ့ပြီးသော ပရိယတ္တိ (၃) မျိုးတို့တွင် နိဿရဏတ္ထပရိယတ္တိမျိုးဖြင့် သင်ယူမှသာလျှင် ရှင်ရဟန်းပြုရကျိုးနပ်နိုင်ပါသည်။ အချို့လည်း …..
ငယ်ရွယ်စဉ် အလဂဒ္ဒူပမာ (စာတတ်လာလျှင် သူတစ်ပါးကို နှိမ်ရန်၊ ဝင့်ကြွားရန်၊ ဘုန်းကြီးရန် စသော လောဘ၊ ဒေါသအကုသိုလ် မူလအရင်းခံသဖြင့် သင်ယူကြသော နည်းမျိုးကို မြွေဖမ်းသောအတတ်) ပရိယတ္တိနည်းမျိုးဖြင့် သင်ယူရင်းပင် ပိဋကတ်တော်၏ အနှစ်သာရများကို သိရသဖြင့် နိဿရဏတ္ထ ပရိယတ္တိသို့ ပြောင်းလဲသွားသည်ကို အများအပြားတွေ့ရပါသည်။

ပရိယတ်နှင့် ပဋိပတ်သည် ခွဲလို့မရပါ၊ တစ်ခုနှင့်တစ်ခု မှီတွယ်နေသည်။ တစ်ချို့ ကပေါဋ္ဌိလမထေရ်ကို (ဓမ္မပဒ ၁၆) ပုံစံထုတ်၍ ပရိယတ်ကို ပုတ်ခတ်နေကြပါသည်။ စာသင် စာချနေသူများကို နွားနို့မသောက်ရသောနွားကျောင်းသား ပမာထားလျက်၊ သနား သယောင်ယောင်ပြု၍ ပြက်ရယ်ပြုနေကြပါသည်။ ထိုသူများ အဆိုကြောင့်-
တရားမနာ၊ စာပေမသင်၊ နှုတ်တင်မဆောင်၊ သိအောင်မပြု
လျှင်သော်လည်းကောင်း၊
စာသင်ပယ်လျော၊ ကျယ် ဟောကြ၊ ကျယ် မချနှင့်၊ ကျယ်စွ မအံ၊ မကြံမစည်
(အံ ၂-၁၅၆-ဝိသုဒ္ဓါရုံဆရာတော်) လျှင်လည်းကောင်း၊
သာသနာကွယ်နိုင်သည်မဟုတ်လော၊ ယင်းသို့ဖြစ်လျှင် သာသနာကွယ်ခြင်း၌ မည်သူ့ အပေါ်မှာ တာဝန်ရှိပါသနည်း။ ပညာရှိများစဉ်းစားရန် လူထွက်လို၍ တိုင်ပင်ရာတွင် သပိတ်-သင်္ကန်းကို လိုချင်သဖြင့် အားပေးမိသောကြောင်း (၇)ကြိမ် လူထွက်ရသော “စိတ္တ ဟတ္ထ” မထေရ်၏ ဝဋ်ကြွေးကို လည်းကောင်း၊ နှလုံးမူ၍ ပျိုမြစ်နုနယ် စာသင်သားများ စိတ်ဓါတ်ကျအောင် မပြောမိဘို့ သတိပြုရမည်။
နိဿရဏတ္ထ သင်ယူနည်းဖြင့် စာပေကျမ်းဂန်သင်ယူလျှင် ကိလေသာဝင်ခွင့်မရ။ သီလ၊ သမာဓိ၊ ပညာရင့်ကျက်ပြီး မလိဃဒေဝ ထေရ်ကဲ့သို့အရဟတ္တဖိုလ်သို့ပင် ဆိုက်ရောက်နိုင်သည်။ ကိုင်းကျွန်းမှဆိုသကဲ့သို့ ပရိယတ်၊ ပဋိပတ် နှစ်ရပ်တို့သည် အချင်းချင်း အင်အားပြုမှ ကြီးပွားတိုးတက်နိုင်ကြမည်၊ ငါ ပဋိယတ်သမားကွ၊ ငါ-ပဋိပတ်သမားကွ ဟုကြွေးကြော်ရုံနှင့်မပြီးပါ။ ပရိယတ်သည် ပစ္စည်း (၄)ပါး ကျောထောက်နောက်ခံရှိသည်။ ပဋိပတ်သည် ဓူတင်ကျောထောက်နောက်ခံရှိသည်။

No comments:

Post a Comment